ဆီးအိမ်လေး ကျန်းမာစေဖို့ ဘာစားပေးသင့်လဲ
နေ့စဉ် စားသောက်မှုတိုင်းက ဆီးအိမ်လေးအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်လွယ်မယ်၊ ဆီအိမ်က ထိရှိလွယ်မယ်ဆိုရင် အစားအသောက်ကို တော်တော်လေး ဂရုစိုက်နိုင်မှ တော်ရာကျမှာပါ။ ဒီတော့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းလေးတွေထဲက တစ်ခုဖြစ်တဲ့ ဆီးအိမ်လေး ကျန်းမာစေဖို့ ဘာတွေ စားပေးသင့်လဲဆိုတာကို ပြောပြပေးထားတာမို့ စာလေးကို ဆုံးအောင် ဖတ်လိုက်နော်။
ပင်လယ်စာ
ပင်လယ်စာတွေမှာ ဗီတာမင် ဒီ ပါဝင်နေတာကြောင့် ဆီးအိမ်အတွက် လိုအပ်တဲ့ အာဟာရကို ပြည့်ပြည့်ဝဝ ဖြည့်ပေးနိုင်မှာပါ။ လေ့လာမှုတွေအရကတော့ ဗီတာမင် ဒီ နည်းတာက ဆီးအိမ် ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေကိုလည်း များစေပါတယ်။
အသား
အထူးသဖြင့်တော့ အဆီနည်းတဲ့ အသားပါ။ အသားကနေရတဲ့ ပရိုတင်းက ဆီးအိမ်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အရေခွံဖယ်ထားတဲ့ ကြက်ရင်အုံသား၊ ကြက်ဆင်သား၊ အဆီမပါတဲ့ အနီရောင် အသားတွေကို စားပေးပါ။
ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာ ဆီးအိမ်ကျန်းမာစေနိုင်တဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်နေပါတယ်။ ဗီတာမင် ဒီရော ပရိုတင်းပါ ပါဝင်နေတာက ဆီးအိမ် ကျန်းမာစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်မှာပါ။ သွေးတွင်းအဆီများမှာ စိုးတယ်ဆိုရင် အနှစ် ဖယ်စားပါ။
သစ်တော်သီး
သစ်တော်သီးက ဗီတာမင် စီ၊ အမျှင်ဓာတ် နဲ့ မယ်လ်လစ် အက်ဆစ်တို့ ပါဝင်နေတာကြောင့် ဆီးလမ်းကြောင်း ကျောက်တည်တာကို ကာကွယ်ပေးသလို ဆီးအိမ်လေး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
သောက်ရေ
ရေများများသောက်တာက ဆီးအိမ်ကို သန့်စင်စေပြီး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေတစ်လီတာ သောက်ပေးပါ။
ကြက်သွန်ဖြူ
ပိုးသေစေနိုင်တဲ့ အာနိသင်ရှိတဲ့ ကြက်သွန်ဖြူက ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုက်သလို ကင်ဆာဆဲလ်တွေကိုလည်း တိုက်ဖျက်ပေးပါတယ်။ ဆီးအိမ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
အာလူး
အာလူးမှာက အမျှင်ဓာတ်ရော ကစီဓာတ်ပါ ပါဝင်နေပြီး ဆီးအိမ် ကျန်းမာစေဖို့ ထောက်ကူ ပေးပါတယ်။
မွန်မွန်